Myanmar2 မှ Myanmar3 သို့ Converter အသုံးပြုနည်း

Myanmar2 ဖြင့်ရေးသားထားသည်များကို Myanmar 3 သို့ပြောင်းလဲပေးသည့် Converter တစ်ခုဖြစ်ပါသည်။Myanmar2 ဖောင့်ဖြင့် ရေးသားထားသော စာများ၊ ဖိုင်များ ကို Myanmar3 ဖောင့်ဖြင့် ပြောင်းလဲ ကြည့်ရှုရာတွင် အမှားအယွင်းများ ဖြစ်ပေါ် နေသည်များကို Myanmar3 ဖောင့် format ပုံစံအတိုင်း မှန်ကန်စေရန် ပြောင်းလဲပေးပါသည်။

မြန်မာ ၃ ဖောင့် အမှန်ပြင်ပေးသော software converter ဖြစ်ပါသည်။

Myanmar2 CorrectionSetup ရယူရန် 

ထည့်သွင်းပုံ

  1. အရင်ဆုံး Myanmar2CorrectionSetup ဆိုတဲ့ဆော့ဝဲလ် ကိုနှစ်ချက်နှိပ်ပြီး run လိုက်ပါ။
  2. Next ကိုပဲဆက်တိုက်နှိပ်သွားပါ။ဘာမှပြောင်းလဲစရာမလိုပါဘူး။

အသုံးပြုပုံ

  1. ထည့်သွင်းပြီး‌သော Myanmar2Correction ဆိုတဲ့ဆော့ဝဲလ် ကိုဖွင့်လိုက်ပါ။
  2. Browse ဆိုတာကိုနှိပ်ပြီးရင်အောက်ကပုံအတိုင်း File name ဘေးနားက ဖိုင်အမျိုးအစားမှာ ကိုယ်ပြောင်းချင်တဲ့ဖိုင်အမျိုးအစားကိုရွေးချယ်ပေးရပါမယ်။ word ဖိုင်ပြောင်းချင်ရင် word ကိုရွေး၊ excel ပြောင်းချင်ရင် excel ကိုရွေးပါ။
  3. ပြီးရင်ကိုယ်ပြောင်းချင်တဲ့ဖိုင်ရှိတဲ့ တည်နေရာကိုသွားပြီးရွေးရပါမယ်၊။
  4. ဖိုင်ကိုရွေးချယ်ပြီးတာနဲ့ Open ကိုနှိပ်ပါ။အောက်မှာရှိတဲ့ Save As နေရာမှာ မြန်မာ ၃ ပြောင်းလဲပြီးသားဖိုင်ကို ဘယ်နေရာမှာထားမယ်ဆိုတာ ရွေးချယ်လို့ရပါတယ်။မရွေးချယ်ချင်ရင်လည်း နဂိုမြန်မာ ၂ နဲ့ရေးထားတဲ့ဖိုင်ရှိတဲ့နေရာမှာပဲ မြန်မာ ၃ ပြောင်းလဲပီးသားဖိုင်ကို correct ဆိုတဲ့စာလေးနဲ့ သူ့ဘာသာသူ save ပေးပါလိမ့်မယ်။
  5. ပြီးရင် Correct ကိုနှိပ်လိုက်ပါ။

ခဏလောက်စောင့်ပြီးတာနဲ့ Save As လုပ်ထားတဲ့ ဖိုင်နေရာမှာ မြင်ရပါလိမ့်မယ်။မြန်မာ ၃ ပြောင်းလဲပြီးသားဖိုင်ကိုတွေ့ရပါလိမ့်မယ်။

Credit :Myanmar Computer Federation